အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပ
ပျော်ဘွယ် မေ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးနှင့် တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု သီးနှံအခြေခံ တန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မင်းလှသာစည်ကျေးရွာ၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းနွယ်ထွေးက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးနှင့် တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချပေးသည့် စာတွေ့လက်တွေ့ သင်ခန်းစာများကို စနစ်တကျ လေ့လာသင်ယူပြီး လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အသုံးချကြစေလိုကြောင်းပြောကြားပါသည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာမများက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားပါသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သီးနှံအခြေခံ တန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ပျော်ဘွယ်မြို့နယ် မင်းလှသာစည်ကျေးရွာမှ သင်တန်းသူ (၂၀)ဦးတို့အား သီးနှံအခြေခံ စားသောက်ကုန်များဖြစ်သည့် ခရမ်းချဉ်သီးယို၊ ဇီးသီးယို၊ သင်္ဘောသီးယို၊ သရက်သီးယို၊ မကျည်းတော်ဖီ ပြုလုပ်နည်းများကို ကျွမ်းကျင်နည်းပြများက ယနေ့မှစ၍ ငါးရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်