Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါင်မြို့နယ်၊ မုကျိကျေးရွာတွင် ဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်


20 May,2025

သထုံ၊ မေ ၂၀

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းဖြင့် ဆောင်ရွက်မည့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို သထုံခရိုင်၊ ပေါင်မြို့နယ်၊ မုကျိကျေးရွာ၌ ကျင်းပသည်။

          အခမ်းအနားသို့ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          ဦးစွာ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာန၏လုပ်ငန်း ဆောင်ရွက်ချက်များ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များ၊ စီမံကိန်းအကျိုး‌‌ ကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများပေးအပ်မည့် အစီအစဉ်များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး နှင့် ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးတို့က သင်တန်းသုံး သင်ထောက် ကူပစ္စည်းများ ပေးအပ်ကြသည်။

          ယခုဖွင့်လှစ်သော လျှပ်စစ်သွယ်တန်းနည်းပညာသင်တန်းတွင် သင်တန်းသားများအား ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ပြီး အမှန် တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်