ရန်ကုန်၊ မေ ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းရုံးတွင် လူသုံးကုန်အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၀.၅.၂၀၂၅)ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် သယံဇာတရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အိမ်တွင်း တစ်ပိုင်တစ်နိုင် မိသားစုစီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းမှ ဝင်ငွေများရရှိကာ လူမှုစီးပွားဘဝ မြင့်မားလာစေရန်၊ ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများရရှိလာစေရန်နှင့် သွင်းကုန်အစားထိုး ထုတ်လုပ်မှုများ အားကောင်းလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းထူထောင်သူများကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ဓါတ်ခွဲစမ်းသပ်ပြီး မှတ်ပုံတင်လျှောက်ထားနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်မှ စတင်ကာ အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပြီး ထူးချွန်သင်တန်းသား ကိုယ်ပိုင် လုပ်ငန်းထူထောင်သူများကို လုပ်ငန်းသုံးစက်ပစ္စည်း များထောက်ပံ့ပေးလျက်ရှိကြောင်း ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်လည်း စီမံကိန်းလုပ်ငန်း (၂၀)ခုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်းသားများမှ တစ်ဦးချင်း မိတ်ဆက်ပြီး မှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
သင်တန်းတွင် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲအမျိုးမျိုး ပြုလုပ်နည်း၊ ပန်းကန်ဆေး ဆပ်ပြာပြုလုပ်နည်း၊ လက်ဆေးဆပ်ပြာပြုလုပ်နည်း၊ ရေချိုးဆပ်ပြာပြုလုပ် နည်းနှင့် အဝတ်လျှော် ဆပ်ပြာ ပြုလုပ်နည်းများကို စာတွေ့ (၃၀)ရာခိုင်နှုန်းနှင့် လက်တွေ့(၇၀)ရာခိုင်နှုန်းဖြင့် (၂၀.၅.၂၀၂၅)ရက်နေ့မှ (၂၄.၅.၂၀၂၅)ရက်နေ့ထိ (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်