နေပြည်တော် မေ ၂၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက မတ်လ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ငလျင် ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းများအတွက် တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာ လိုင်းခန်းများတွင် ပြောင်းရွှေ့နေထိုင်မှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနား မြို့နယ် သမဝါယမအသင်းစုပိုင် ဘက်စုံသုံးခြံသို့ ရောက်ရှိပြီး ဘက်စုံခြံ အတွင်း သမဝါယမအသင်းစုပိုင်မြေပေါ်တွင် တိရစ္ဆာန်အစာတောင့်စက်ရုံ တည်ဆောက်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြကြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ဖြည့်စွက်မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပျဉ်းမနားမြို့ မြောက်လွှတ်ကုန်းရှိ စက်ယန္တရားသိုလှောင်ရုံဝန်းအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာလိုင်းခန်းများတွင် ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်နေမှု အခြေအနေများအားလည်းကောင်း၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းရုံးမြေနေရာ၌ တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာ လိုင်းခန်းများတွင် ပြောင်းရွှေ့နေထိုင်နေမှု အခြေအနေများ၊ ရေချိုးခန်း၊ သန့်စင်ခန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် Prefabricated Modular House များ တပ်ဆင်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ရေ၊ မီး၊ မိလ္လာစနစ် များကောင်းမွန်မှု ရှိစေရေး စနစ်တကျဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ကားပါကင်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာ လိုင်းခန်း များတွင် ပြောင်းရွှေ့နေထိုင်နေမှု အခြေအနေများ၊ ရေချိုးခန်း၊ သန့်စင်ခန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် Prefabricated Modular House များ တပ်ဆင်နေမှု အခြေအနေများအားလည်းကောင်း၊ ဝန်ကြီးဌာနပိုင်မြေနေရာ၌ ပြည်ထောင်စုဝန်ကြီးရုံး၊ သမဝါယမ ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ငလျင်ဒဏ်သင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ နေထိုင်နိုင်ရေး တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာလိုင်းခန်းများတွင် ပြောင်းရွှေ့နေထိုင်နေမှု အခြေအနေများနှင့် ရေ၊ မီး၊ မိလ္လာစနစ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ Fabricated Modular House များ နေရာချထားမှုနှင့် တပ်ဆင်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်