နေပြည်တော် မေ ၂၈
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်မည့် စီမံကိန်းသီးနှံ မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းအတွက် တစ်ဧက သတ်မှတ်ပန်းတိုင်ထွက်ရှိရေး မျိုးစပါးနှင့် သွင်းအားစုများထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကို ဥတ္တရသီရိမြို့နယ်သမဝါယမဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ နေပြည်တော်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ သမဝါယမ အသင်းများမှ အသင်းသားတောင်သူများတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် အောင်နိုင်တိုးမျိုးနှင့် သွင်းအားစုထောက်ပံ့ပေးခြင်းကို နေပြည်တော် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးက ပေးအပ်ပြီး မျိုးထောက်ပံ့ပေးခြင်းကို အသင်းများကိုယ်စား ရွာသာစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းဥက္ကဋ္ဌ ဦးစံလှိုင်က လက်ခံပြီးနောက် သွင်းအားစု ထောက်ပံ့ပေးခြင်းကို အသင်းများကိုယ်စား မင်းကုန်း စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက လက်ခံခဲ့သည်။
အဆိုပါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းသီးနှံစိုက်ပျိုးဆောင်ရွက်မည့် သမဝါယမအသင်း(၁၂)သင်း၊ အသင်းသားဦးရေ (၁၈၈)ဦး၊ စိုက်ဧက (၅၆၀)ဧကမှ အောင်နိုင်တိုးမျိုး စပါးများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်