Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမအသင်းသားတောင်သူများ တစ်ဧကပန်းတိုင် အထွက်နှုန်း ရရှိရေး မိုးဝါ၊ မိုးစပါးနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ တက်ရောက်


02 Jun,2025

နေပြည်တော် မေ  ၃၀

တပ်ကုန်းမြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ၏ မိုးဝါသီးနှံစိုက်ပျိုးရေး လုပ်ငန်းများနှင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မိုးဝါ၊ မိုးစပါးနှင့် သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက တပ်ကုန်းမြို့နယ် ဒဟတ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိုးဝါနှင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်သား တောင်သူများအနေဖြင့် သတ်မှတ်ပန်းတိုင် အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်း မျိုးသန့် များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ် ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ သမဝါယမအသင်းရန်ပုံငွေ၊ သွင်းအားစုလုပ်ငန်းရှင်များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ သတ်မှတ်ပန်းတိုင်အထွက်နှုန်း မရရှိပါက အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ပြီး နောက်တစ်ကြိမ် ပြန်လည်စိုက်ပျိုးချိန်တွင် အားနည်းချက်များကို ပြုပြင်စိုက်ပျိုး သွားရန်လိုအပ်ကြောင်း၊ ဒါမှသာ စိုက်ပျိုးသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိမှာဖြစ်ပြီး တောင်သူများ၏ ဝင်ငွေနှင့်လူနေမှုအဆင့်အတန်း မြင့်မားလာစေမှာ ဖြစ်သည့်အတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် ကိုယ်လုပ်မှ ကိုယ်ရမှာ ဖြစ်၍ လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ TBL(တီဘီအယ်လ်)ကုမ္ပဏီလီမိတက်မှ တာဝန်ခံ Mr.Muyarkar (မစ္စတာမူရာကာ) က ဝါမျိုးစေ့များ ထုတ်လုပ်နေမှုနှင့် ဖြန့်ဝေပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာသော သမဝါယမအသင်းသား တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တပ်ကုန်းမြို့နယ်အတွင်းရှိ မိုးဝါနှင့် မိုးစပါးစိုက်တောင်သူများအတွက် Raka 666 ဝါမျိုးစေ့များ၊ ဆင်းသုခမိုးစပါးမျိုးစေ့နှင့် စမ်းဝတီ သဘာဝမြေဇာများအား ထောက်ပံ့ပေးအပ်ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာ ရေပေးဝေရေးအတွက် ဆောင်ရွက်ထားသော ဆင်သေရေလွှဲဆည်မှ ရေရရှိရေး ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ရေပြတ်လပ်မှု မရှိစေရေး အတွက် လတ်တလော ရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် စားသောက်ကုန်လုပ်ငန်း သင်တန်းဆင်းသူများအနက်မှ လုပ်ငန်းသုံးပစ္စည်း ထောက်ပံ့ပေးထားသူများ၏ Morning Star စားသောက်ကုန်လုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုအားပေးရာ ပြည်ထောင်စုဝန်ကြီးက  လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီးနောက် လုပ်ငန်းများပိုမိုအောင်မြင်စေရေး တစ်ဦးတစ်ယောက်ချင်း မဟုတ်ဘဲ စုပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပုပ္ဗသီရိမြို့နယ် ကျည်တောင်ကန်- ဇီးကုန်း- လေသာ- သရက်တော ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဆင်သေချာင်းကူးတံတား A-1 ဘက်ခြမ်းတွင် အရှည်ပေ ၆၀ RC တံတားနှင့် A-2 ဘက်ခြမ်းတွင် အရှည်ပေ ၁၂၀ RC တံတား တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်တင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်