Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင်ကြီးဒေသ သမဝါယမအသင်းများနှင့် တွေ့ဆုံ


02 Jun,2025

နေပြည်တော် ဇွန် ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စုသို့ သွားရောက်ပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ပါရမီ တံတားအဝင်လမ်း အရှည် (၁) မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ထားမှုများ ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ဘားအံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ရသဝေါ်အင်း အဝင်လမ်း (၇) ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက လုပ်ငန်း ဆောင်ရွက်ထားမှုများ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒေသခံတိုင်းရင်းသားများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဘားအံမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး လက်ရက်ကန်း (၆) လ သင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁) နှစ်သင်တန်း တက်ရောက်နေကြသော သင်တန်းသူများ၊ သင်တန်းကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရိုးရာကို အခြေခံသော တီတွင်ဆန်းသစ်မှုများ ပြုလုပ်ရန်၊ သဘာဝဆိုးဆေး Eco Printing ပညာရပ်ကို သင်တန်းသားသင်တန်းသူများ လေ့လာသိရှိနိုင်အောင် သင်ကြားပြသပေးရန် မှာကြား သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် သင်တန်းသူများ၏ လက်တွေ့သင်ယူနေမှုများကိုလည်း ကောင်း၊ သင်တန်းသူများအတွက် ပြည်နယ်အစိုးရက ထောက်ပံ့ပေးမည့် လက်ရက်ကန်းစင်များ ကိုလည်းကောင်း၊ သင်တန်းသူအိပ်ဆောင်နှင့် စားရိပ်သာကိုလည်းကောင်း၊ ဝန်ထမ်းအိမ်ရာကိုလည်း ကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကရင်ပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးသို့ သွားရောက်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း VDP ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောင်ရွက်ပေး နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ (၃) ရွာအတွက် စီမံကိန်း ရန်ပုံငွေကျပ် သိန်း (၁၅၀) စီကိုလည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လှိုင်းဘွဲ့ မြို့နယ်အတွင်းရှိ ကျေးရွာ (၂) ရွာအတွက် စီမံကိန်းရန်ပုံငွေကျပ် သိန်း (၁၅၀) စီကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သံတောင်ကြီးမြို့နယ်အတွင်းမှ ကျေးရွာ (၁) ရွာအတွက် စီမံကိန်း ရန်ပုံငွေကျပ် သိန်း (၁၅၀) ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် ကျေးရွာကော်မတီဝင်များကိုယ်စား ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကား ပြောကြားသည်။ ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် လိုအပ်သည်များ မှာကြားသည်။

ထို့မှတဆင့် ဒုတိယဝန်ကြီးသည် ဘားအံမြို့၊ သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင်ကြီးဒေသ စိုက်ပျိုးရေးသမဝါယမအသင်းများမှ အသင်းသားတောင်သူ (၉၆) ဦးနှင့်တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီ စိုက်ပျိုးမည့် လျာထားဧကနှင့် မျိုး၊ မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်နောက် ဒုတိယဝန်ကြီးက ပန်းတိုင်အထွက်နှုန်း ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက သမဝါယမအသင်းများသို့ အထွက်တိုးမျိုးစပါးများနှင့် သွင်းအား စုများကိုလည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အစေ့ချကိရိယာများကိုလည်း ကောင်း ထောက်ပံ့ပေးအပ်ခဲ့ရာ သမဝါယမအသင်းများကိုယ်စား အသင်းသားတောင်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

၎င်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ထောက်ပံ့ပစ္စည်းများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်