Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု သင်တန်းများ MBA, MPA and MAR Online Classes Third Batch ဖွင့်ပွဲအခမ်းအနားကျင်းပ


05 Jun,2025

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်းများ Master of Business Administration, Master of Public Administration and Master of Applied Research သင်တန်းများ၏ Third Batch အတွက် Online Classes ဖွင့်ပွဲအခမ်းအနားကို စာသင်ဆောင် T2 ရှိ Conference Room ၌ ၎င်းနေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ Major အသီးသီးမှ Program Director များ၊ စီမံရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများနှင့် Major အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြင်ပပညာရှင်များဖြစ်သည့် သမဝါယမနှင့် စီမံခန့်ခွဲ မှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်(ငြိမ်း)နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒါရိုက်တာ  အဖွဲ့ဝင် ဒေါက်တာဒေါ်ရီအေး၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း)၊ စာရင်းအင်း ပညာဌာန ပါမောက္ခ၊ဌာနမှူး(ငြိမ်း) ဒေါ်ခင်အေးမြင့်၊ ဒေါက်တာချိုချိုဝေ(Principle, MHR Management Institute, Yangon) နှင့် Major အသီးသီး၏ သင်တန်းသား၊ သင်တန်းသူ(၂၄၀) ဦးတို့မှ Zoom ဖြင့် Online မှ  တက်ရောက်ခဲ့ပါသည်။

ဦးစွာ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် သင်တန်းများကို 1st Batch မှ စ၍ Online Learning ရဲ့ အကျိုးကျေးဇူးဖြင့် မြန်မာတနိုင်ငံလုံးတွင်သာမက စင်္ကပူနိုင်ငံ၊ ထိုင်းနိုင်ငံ စသည်ဖြင့် နိုင်ငံတကာ အသီးသီးမှ သင်တန်းသားများစွာ တက်ရောက်ကြသည်ကို တွေ့ရှိရပါကြောင်း၊ Programme အသီးသီးမှာ သင်ကြားပြသပေးသည့် ဆရာမကြီးများမှာလည်း  Master, Ph.D စီးပွားရေးဘွဲ့ရများကို မွေး ထုတ်ပေးသည့် စီးပွားရေးတက္ကသိုလ်မှ ဝါရင့်ဆရာမကြီးဖြစ်ပါကြောင်း၊ Digital ခေတ်မှာ Online Learning ရဲ့ အားသာချက်တွေကြောင့် တက္ကသိုလ်သက်တမ်း (၁၃)နှစ် အတွင်းတွင် HRD Program များကို 3rd Batch ထိ ဖွင့်လှစ်နိုင်ခဲ့သည်မှာ ဂုဏ်ယူရပါကြောင်း၊ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများကို ပြင်ပပညာရှင် ဆရာကြီး၊ဆရာမကြီးများနှင့်အတူ ရေးဆွဲထားခြင်းဖြစ်ပြီး သင်ကြားမှုပုံစံမှာ Lecture ချိန်များ၊ Group and Individual Assignment, Group Presentation များ ပြုလုပ်ရမည်ဖြစ်ပါသည်။ စာမေးပွဲစနစ်မှာ Mid-term and Final Exam များကို Online မှတဆင့် စစ်ဆေးမည်ဖြစ်ပါသည်။ ကျောင်း၏ Activities များတွင် တက်ကြွစွာပါဝင်မှုကိုလည်း Participation အကဲဖြတ်မှတ် ထည့်သွင်းပေးထားသည့်အတွက် တက်ကြွစွာပါဝင်ကြရန် လိုပါ ကြောင်း၊ Programme အသီးသီး တွင် Government Sector, Public Sector, Business Sector များ၊ IGO, INGO, Engineer များနှင့် နယ်ပယ်အသီးသီးမှ တက်ရောက်ကြသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ အမိတက္ကသိုလ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း နှုတ်ခွန်းဆက် အမှာစကား ကြားခဲ့ပါသည်။

ဆက်လက်၍ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်(ငြိမ်း)၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာဒေါ်ရီအေး၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) စာရင်းအင်းပညာဌာန ပါမောက္ခ၊ ဌာနမှူး(ငြိမ်း) ဒေါ်ခင်အေးမြင့်နှင့် ဒေါက်တာချိုချိုဝေ (Principle, MHR Management Institute, Yangon)တို့မှ ကြိုဆိုနှုတ်ဆက်စကား အသီးသီးပြောကြားခဲ့ကြပါသည်။ 

ထို့နောက် MBA, MPA, MAR Major အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ကိုယ်စားလှယ်(၃)ဦးမှ သင်တန်းတက်ရောက်ခွင့် ရသည့်အပေါ် ဝမ်းသာပီတိ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့်  MBA, MPA, MAR Major အသီးသီးမှ ကျောင်းသား၊ကျောင်းသူများမှ တစ်ဦးချင်း မိတ်ဆက်ခြင်း၊  Online မှ တက် ရောက်သည့် MBA, MPA, MAR Major အသီးသီးမှ ကျောင်းသား၊ကျောင်းသူ ကိုယ်စားလှယ်များမှ အသီးသီးမိတ်ဆက်ခဲ့ကြပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနား အောင်မြင်စွာပြီးစီးခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်