Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းသီးနှံ မိုးစပါးအတွက် တစ်ဧကပန်းတိုင် အထွက်နှုန်း ရရှိရေး မျိုးစပါးနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲတက်ရောက်


06 Jun,2025

နေပြည်တော် ဇွန် ၆

၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းသီးနှံ မိုးစပါးအတွက် တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစပါးနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် ငကံကောင်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိုးစပါးစိုက်တောင်သူများအနေဖြင့် သတ်မှတ် ပန်းတိုင် အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်း မျိုးသန့်များနှင့် သွင်းအားစုများကို နိုင်ငံတော်ထောက်ပံ့ငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ သမဝါယမအသင်းရန်ပုံငွေ၊ သွင်းအားစုလုပ်ငန်းရှင်များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ သတ်မှတ်ပန်းတိုင် အထွက်နှုန်း မရရှိပါက အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ပြီး နောက်တစ်ကြိမ် ပြန်လည်စိုက်ပျိုးချိန်တွင် အားနည်းချက်များကို ပြုပြင်စိုက်ပျိုး သွားရန်လိုအပ်ကြောင်း၊ ဒါမှသာစိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိမှာဖြစ်ပြီး တောင်သူ များ၏ ဝင်ငွေနှင့်လူနေမှု အဆင့် အတန်းမြင့်မားလာစေမှာ ဖြစ်သည့်အတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် ကိုယ်လုပ်မှကိုယ်ရမှာ ဖြစ်၍ လုပ်ဆောင်ရမည့် စိုက်ပျိုးရေး လုပ်ငန်းစဉ်များအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အသင်းသားတောင်သူများ အချိန်မီ ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများ ဈေးကွက်ရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများက ချိတ်ဆက်ဆောင်ရွက် ပေးရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားပြီးနောက် အသင်းသား တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပျဉ်းမနားမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ အတွက် အောင်နိုင်တိုးမျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကျေးရွာရှိ တောင်သူ(၁၀)ဦး၏ စိုက်ပျိုးမြေဧက(၃၀) အကျိုးပြုပေးလျက်ရှိသည့် မဲဇလီကုန်းကျေးရွာ ဆိုလာစိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက် ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်၍ တောင်သူများအနေဖြင့် ရာသီအလိုက် ဈေးကွက်ဝင်သည့် သီးနှံများကို သီးထပ်(၃)သီး စိုက်ပျိုးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊  လုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေး ကော်မတီဝင်များမှ ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင့် ပြင်ဆင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ရေအသုံးပြုသူများထံမှ သင့်တင့်သည့် ရေခွန် ရေခများကောက်ခံထိန်းသိမ်းကြရန်လိုအပ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် ပွင့်လင်းမြင်သာစွာ တာဝန်ယူ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်