နေပြည်တော် ဇွန် ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်ကြမည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရန်ကုန် နှင့် စစ်ကိုင်းတို့မှ ကျောင်းဆင်းဝန်ထမ်းများအား လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်း နေပြည်တော်ရှိ ရုံးအမှတ်(၃၆-ဘီ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းသား သင်တန်းသူများအနေဖြင့် နိုင်ငံ့တာဝန်များကို စတင်ထမ်းဆောင်ကြမှာဖြစ်သည့်အတွက် စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံ တတ်မှု၊ အပြန်အလှန်လေးစားတတ်မှုစသည့် အလေ့အထကောင်းများ မွေးမြူပြီး မိမိတို့ တာဝန်ကျရာ ဒေသအသီးသီးသို့ ရောက်ရှိသည့်အခါ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ မူဝါဒ၊ လုပ်ငန်းစဉ်များ၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများကို သိရှိနားလည် သဘော ပေါက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစီးဌာနအချင်းချင်း အချိတ်ဆက်မိမိ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းဘဝတလျှောက် သိရှိလိုက်နာရမည့် နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ရုံးလုပ်ထုံးလုပ်နည်းများ၊ ဝန်ထမ်းကျင့်ဝတ်များ၊ အင်ဂျင်နီယာ ကျင့်ဝတ်များကိုလည်း သိရှိလိုက်နာ ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်းဆင်း သင်တန်းသား သင်တန်းသူ များကို စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန် အောင် မိမိတို့တက်ရောက်သင်ယူခဲ့ရသည့် တက္ကသိုလ် အသီးသီးမှ လေ့ကျင့်သင်ကြားပေးထားပြီး ဖြစ်သည့်အတွက် နိုင်ငံ့တာဝန်များကို ကျရာအခန်းကဏ္ဍ များတွင် ထမ်းဆောင်သည့်အခါ ပြည်ထောင်စုစိတ်ဓာတ် ပြည့်ဝစွာဖြင့် ဆောင်ရွက်သွားကြဖို့ မှာကြား လိုပါကြောင်း၊ ယခုသင်တန်းတွင် ပို့ချသည့် သင်ခန်းစာများကို စနစ်တကျ လေ့လာသင်ယူခြင်းအားဖြင့် လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါမှာ များစွာ အထောက်အကူဖြစ်မည့်အပြင် တစ်ဦးချင်းစွမ်းရည်များ တိုးတက်လာပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ လွယ်ကူမြန်ဆန်စွာဆောင်ရွက်နိုင်မှာ ဖြစ် ကြောင်း ပြောကြားပါသည်။ ထို့နောက် သင်တန်းသားသင်တန်းသူများက တစ်ဦးချင်းမိတ်ကြပြီး အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးကြပါသည်။ အဆိုပါ လုပ်ငန်းခွင်ဝင်းသင်တန်းကို ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)တို့မှ ကျောင်းဆင်းပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ကွပ်ကဲမှုအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် (၂၂) ဦး၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတွင် (၈) ဦး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတွင် (၉)ဦး၊ စုစုပေါင်း (၃၈) ဦး တို့ကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအလိုက် သင်တန်းနည်းပြများမှ မူဝါဒ၊ လုပ်ငန်းစဉ်များ၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများကို ယခုလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ သုံးရက်ကြာဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငလျင်ဒဏ်သင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ နေထိုင်နိုင်ရေး Prefabricated Modular House များ တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ ရေ၊ မီး၊ မိလ္လာစနစ်များ တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စု ဝန်ကြီးက Prefabricated Modular House တပ်ဆင်မှုများအား အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက် သွားရန်နှင့် ဆောင်ရွက်ပြီးစီးပါက ဝန်ထမ်းများအား စနစ်တကျ အမြန်ဆုံးနေရာချထား ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်