နေပြည်တော် ဇွန် ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများတွင် တာ ဝန်ထမ်းဆောင်ကြမည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရန်ကုန်နှင့် စစ်ကိုင်းတို့မှ ကျောင်းဆင်းဝန်ထမ်းများအား လုပ်ငန်းခွင်ဝင်သင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၃၆-ဘီ) ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် ဦးစီး ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက တာဝန်ကျရာနေရာများတွင် မိမိရာထူးနှင့် လျော်ညီသည့် တာဝန်များကို ကျေကျေပွန်ပွန် ထမ်းဆောင်ရင်း မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် နိုင်ငံတော်၏ ဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ပြည်ထောင်စုစိတ်ဓာတ်ပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားအားထုတ်သွားကြရန်၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့်အညီ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ထမ်းဆောင်ကြရန်၊ သင်တန်းမှပို့ချခဲ့သည့် သင်ခန်းစာ များကို ထိထိရောက်ရောက်အသုံးချပြီး လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ရန်ကုန်နှင့် စစ်ကိုင်းတို့မှ ကျောင်းဆင်းဝန်ထမ်း (၃၈) ဦးအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့သည်။
ယခုသင်တန်းတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)တို့မှ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ဦးစီးဌာနများသို့ ရောက်ရှိတာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား/သူ စုစုပေါင်း(၃၈)ဦးအား ဝန်ကြီးဌာနနှင့် ဦးစီးဌာနများအကြောင်း မိတ်ဆက်ခြင်း၊ ရုံးလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းခွင် အတွင်း လိုက်နာရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် ဦးစီးဌာနများမှ ဆောင်ရွက်လျက်ရှိ သည့် စီမံကိန်းနှင့် လုပ်ငန်းများအား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်