သာစည် ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မိတ္ထီလာ- တောင်ကြီးလမ်းမှ ကြက်မောက်-ဇီးတောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း (၀/၂)မိုင် ခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၁၃ ဒသမ ၄၂၈ သန်းဖြင့် လမ်းအရှည် (၀/၂)မိုင်၊ အကျယ် ၁၂ ပေ၊ ဒု ၁၅ လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် မိတ္ထီလာခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်နှင်းနှင်းအိလှိုင်တို့က ကွင်းဆင်းစစ်ဆေးသည်။
သာစည် – ကြက်မောက်လမ်းသည် အရှည်(၃/၆) မိုင်ရှိပြီး ကတ္တရာခင်းခြင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၂၈ ဒသမ ၅၀ သန်းဖြင့် ကတ္တရာခင်းခြင်း(ဝ/၄)မိုင်၊၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၇၉ ဒသမ ၈၅၆ သန်းဖြင့် ကျောက်ချောခင်းခြင်း(ဝ/၄)မိုင်၊ ကျန်ရှိနေသော သုံးမိုင်အားလည်း ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိရေး လျာထားဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်