နေပြည်တော်၊ ဇွန် ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေး နိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြှင့် တင်ရေးဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စီမံကိန်းကော်မတီ ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ မိမိတို့ဌာနအနေဖြင့် ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့်အညီ အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားလာစေပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာ စေရန် မြို့ပြနှင့် ကျေးလက်များအကြား၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာစေရေးအတွက် မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုကာလတိုသင်တန်းများကို Mobile Team များဖြင့် ကျေးရွာအရောက် သင်ကြားပို့ချပေး၍ အိုးမကွာ အိမ်မကွာဖြင့် တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းများ ပေါ်ထွက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။ ထို့အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေ တိုးရေး ဆောင်ရွက်မည့်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
သင်တန်းသို့ တက်ရောက်လာကြသူများ အနေဖြင့် သင်တန်းကို မပျက်မကွက်နှင့် ကြိုးကြိုးစားစား တက်ရောက်သင်ယူကြရန် လိုအပ်ပါကြောင်း၊ သင်တန်း၌ မရှင်းလင်းသည့် အကြောင်းအရာများ၊ နားမလည်သည့် အကြောင်းအရာများ ရှိပါက တစ်ခါတည်း မေးမြန်းဆွေးနွေး ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ သင်တန်းပြန်လည်ပို့ချသည့်အချိန်၌ အခက်အခဲမရှိ အဆင်ပြေ ချောမွေ့စွာ သင်ကြားပို့ချပေးနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ ဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဝင်ငွေတိုးစီမံကိန်သည် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် အောင်မြင်အောင် ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ သို့မှသာ နောင်နှစ်တွေမှာလည်း ယခုလိုစီမံကိန်းကျေးရွာများ ထပ်မံတိုးချဲ့ပြီး လုပ်ငန်းရှင်များ ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ “အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်း”ကို ရုံးချုပ်၊ ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျေးရွာ (၁၅၁)ရွာတွင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းထူထောင်သူ(၇၅၅)ဦးနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၁၉၃)တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းထူ ထောင်သူ (၉၆၅)ဦးအား အလုပ်အကိုင်အခွင့်အလမ်း ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်လည်း ရုံးချုပ်၊ ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျေးရွာ(၁၉၈)ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် လုပ်ငန်းထူထောင်သူ(၉၉၀)ဦး ပေါ်ထွက်လာမှာဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်