နေပြည်တော် ဇွန် ၁၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများ ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ရုံးအမှတ် (၁၆) သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဦးစီးဌာနများ၏ တိုင်းအဆင့်/ ခရိုင်အဆင့်/ မြို့နယ်အဆင့် ရုံးများ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယ ဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက် စိုက်ပျိုးခဲ့ကြသည်။
ရှေးဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပိုင် မြေနေရာ၌ ငလျင်ဒဏ်သင့် ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေး ဆောက်လုပ်ပေးထားသော ဘာရှာလိုင်းခန်းများနှင့် Prefabri-cated Modular House ဝန်ထမ်းလိုင်းခန်းတွင် ပြုလုပ်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ၌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက သက်ရှိများနေထိုင်သော ကမ္ဘာလောကကြီးမှာ သဘာဝပတ် ဝန်းကျင် ညစ်ညမ်းမှု၊ ယိုယွင်းမှုများ မဖြစ်အောင်၊ ရာသီဥတုကောင်းမွန်အောင် လူသားများအားလုံး ထိန်းသိမ်းစောင့်ရှောက်ကြရန် တာဝန်ရှိပါကြောင်း၊ လူဦးရေ တိုးတက်များပြားလာခြင်းနှင့်အတူ နည်းပညာနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု များပြား လာသည့်အတွက် ရာသီဥတုများ ပြောင်းလဲလာကာ သယံဇာတများ အလွန်အကျွံထုတ်ယူ သုံးစွဲမှု ကြောင့် ဂေဟစနစ်များ ယိုယွင်းလျက် ရှိပါကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း သစ်တောဧရိယာ ဒုတိယအများဆုံး ပိုင်ဆိုင်သည့်နိုင်ငံ ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒဿမ ၁၉ ရာခိုင်နှုန်းရှိ၍ သစ်တောပြုန်းတီးမှုကို လျော့နည်းအောင် ထိန်းသိမ်း နိုင်ခဲ့ပါကြောင်း၊ သစ်တောသစ်ပင်များသည် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ များ စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန် သော ဂေဟစနစ်ထိန်းသိမ်းရေးတို့အတွက် အရေးပါပါကြောင်း၊ သစ်ပင်များစိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင် ကောင်းမွန်မှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်၍ နှစ်စဉ်သစ်ပင် စိုက်ပျိုး ပွဲများ ကျင်းပစိုက်ပျိုးနေခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်သစ်ပင်စိုက်ပျိုးပွဲ များတွင် ဝန်ထမ်းများ ယာယီနေထိုင်မည့် ဘာရှာလိုင်းခန်းများနှင့် Prefabricated Modular House ဝန်ထမ်းလိုင်းခန်းများတွင် အရိပ်ရနှစ်ရှည်ပင်များနှင့် အလှပန်းပင် စုစုပေါင်း (၈၅၃) ပင်ကို စိုက်ပျိုး သွားမှာဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် စိုက်ပျိုးထားသော အရိပ်ရ အပင်များနှင့် အလှပန်းပင်များကို စိုက်ပျိုးရုံနှင့်မပြီးဘဲ ရှင်သန်ကြီးထွားရေးကို စဉ်ဆက်မပြတ် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် မိမိတို့ ကိုယ်တိုင် စိတ်ချမ်းသာမှုရခြင်း၊ အများအကျိုးရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ အနာဂတ်မျိုးဆက်များအား စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့် ရာသီဥတုကို လက်ဆင့်ကမ်းနိုင်ရေး မြေဆီစိုခိုက်တွင် သစ်ပင်များကို စနစ်တကျ ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားကြပါစို့ဟု တိုက်တွန်းပြောကြား ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ပြည်ထောင်စုဝန်ကြီးရုံးအပါအဝင် ဦးစီးဌာနအလိုက် ဝန်ထမ်းများက အရိပ်ရနှစ်ရှည် ပင်များနှင့် ပန်းအလှပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့လည်းကောင်း၊ လယ် ဝေးမြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ လည်းကောင်း သွားရောက်၍ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့်အတူ အရိပ်ရနှစ်ရှည်ပင်များနှင့် ပန်းအလှပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက် ပျိုးပွဲများတွင် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းခေတ်မီစံပြကျေးရွာ၌ ကြီးမြန်သစ်ပင် ပြည်လုံး ချမ်းသာပင် (၅၀၀)၊ ကျွန်းပင် (၁၄၀) ၊ ပျဉ်းကတိုးပင် (၁၅၀)၊ စိန်ပန်းပင် (၂၀)၊ ခရေ (၃၃)ပင်၊ ငုရွှေဝါပင် (၄၀)၊ မယ်ဇလီပင် (၂၀)၊ ကံ့ကော်ပင် (၁၀) ပင်နှင့် အခြားအရိပ်ရပင် (၁၂) ပင်စသည့် အရိပ်ရနှစ်ရှည်ပင် အမျိုးအစား (၁၀) မျိုး၊ စုစုပေါင်း (၉၂၅) ပင်ကို လည်းကောင်း၊ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများတွင် တပ်ကုန်းမြို့နယ်၊ အေးချမ်းသာခေတ်မီစံပြကျေးရွာ၌ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမာ၊ ကုက္ကို၊ မန်းကျည်း၊ ကြိမ်ရိုး၊ မယ်ဇလီ၊ ကံ့ကော်၊ ခရေ စသည့် အရိပ်ရနှစ်ရှည်ပင် အမျိုးအစား (၁၇) မျိုး၊ စုစုပေါင်း (၁၄၉၃) ပင်ကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများတွင် အရိပ်ရနှစ်ရှည်ပင်နှင့် အလှပန်းပင်စုစုပေါင်း (၈၅၃) ပင်ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) နှင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ဦးစီးဌာနများ၏ တိုင်းအဆင့်/ ခရိုင်အဆင့်/ မြို့နယ်အဆင့် ရုံးများ၊ ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသော ခေတ်မီစံပြကျေးရွာ (Smart Village) များ၌ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်