နေပြည်တော် ဇွန် ၁၂
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ငွေတို့ဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းရရှိစေရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်သမဝါယမဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိဌာနဝန်ထမ်းများ၊ မြို့နယ်(၈)မြို့နယ်သမဝါယမဦးစီးဌာနများမှ ဦးစီးအရာရှိများနှင့် တာဝန်ရှိဌာနဝန်ထမ်းများ၊ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌများနှင့် မျိုး၊ သွင်းအားစုများ ချိတ်ဆက်ဖြန့်ဖြူးဆောင်ရွက်မည့်သူများဖြင့် ကျင်းပပြု လုပ်ခဲ့သည်။
အစည်းအဝေးတွင် နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်ဆုယဉ်မြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ငွေတို့ဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် ပန်းတိုင်ရည်မှန်းချက်ရရှိစေရေး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သမဝါယမ ကဏ္ဍအနေဖြင့် နေပြည်တော်ရှိ မြို့နယ် (၈)မြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများသို့ တစ်ဧကလျှင် ကျပ်(၂.၅)သိန်းနှင့်ညီမျှသော မျိုး၊ သွင်းအားစု တန်ဖိုးငွေကျပ်(၂၂၈၃.၉၇၄)သန်းအား သမဝါယမအသင်း/အသင်းသားတောင်သူများ၏ စိုက်ဧက(၉၁၃၅.၈၉၆) ဧကအတွက် ပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပံ့ပိုးဆောင်ရွက်ရာတွင် အသင်းသားတောင်သူများ စပါးအထွက်နှုန်း ကောင်းမွန်စေရေး မျိုးစပါးပြောင်းလဲစိုက်ပျိုးနိုင်စေရန်အတွက် ယခုနှစ်တွင် အထွက်တိုး မျိုးကောင်း မျိုးသန့်များကိုပါ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်များအနေဖြင့် အသင်းသား တောင်သူများ အထွက်တိုးမျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်စေရေး ချိတ်ဆက်၍ ကြီးကြပ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စိုက်နည်းစနစ်တွင်လည်း ပင်ကြား တန်းကြား ညီညာစေရန် ပျိုးထောင် ကောက်စိုက်စနစ်၊ စပါးမျိုးစေ့ချက်စက်(Seeder)စနစ်တို့ဖြင့် စိုက်ပျိုးစေရေး စည်းရုံးကြရန်ဖြစ်ကြောင်း၊ စပါးမျိုးစေ့ချက်စက်(Seeder)များကိုလည်း ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း၊ အသင်းသားတောင်သူများ အချိန်မီစိုက်ပျိုးနိုင်စေရန်အတွက် နိုင်ငံတော်က(၅၀%) ထောက်ပံ့ငွေဖြင့် ဝယ်ယူဆောင်ရွက်လျက်ရှိသော ထွန်စက်များဖြင့် သက်ဆိုင်ရာ နယ်မြေအလိုက် စုပေါင်းထွန်ယက်ရေး ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ မြို့န့ယ်များအနေဖြင့် မျိုး၊ သွင်းအားစု (မြေဩဇာ)များကို အရည်အသွေးပြည့်ဝကောင်းမွန်စေရန် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ သွင်းအားစုများဖြန့်ဖြူးရာတွင် ရည်ညွှန်းဈေးနှုန်းထက် ကျော်လွန်မှုမရှိစေရေးနှင့် မျိုးစပါး များချိတ်ဆက်ဆောင်ရွက်ပေးရာတွင်လည်း အထွက်နှုန်းကောင်းမည့် မျိုးကောင်း မျိုးသန့်များ ဖြစ်စေရန် အလေးထားကြီးကြပ်ဆောင်ရွက်ကြရန်နှင့် အသင်းသားတောင်သူများ လက်ဝယ်သို့ အချိန်မီရရှိစေရေး ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် နိုင်ငံတော်ထောက်ပံ့ငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား ဒုတိယညွှန်ကြားရေးမှူးက လည်းကောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် အခြေအနေများနှင့်လုပ်ငန်းစဉ် များအား လက်ထောက်ညွှန်ကြားရေးမှူးများက လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် နွေစပါးစိုက်ပျိုးရေးစီမံကိန်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမကဏ္ဍမှ နွေစပါး စိုက်ဧက(၄၀၂၂)ဧက အကောင်အထည်ဖော်လုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်းစဉ်များကို နေပြည်တော်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌကလည်းကောင်း ရှင်းလင်းဆွေးခဲ့ပြီး မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိများမှ မြို့နယ်အလိုက် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်မှု များနှင့် အခြေအနေများကိုလည်းကောင်း၊ မျိုး၊ သွင်းအားစုများကို ဖြန့်ဖြူးရောင်းချမည့်သူများ၏ လက်လီ၊ လက္ကားအရောင်းဈေးနှုန်းများနှင့် ကျေးရွာဒေသအရောက် ချိတ်ဆက်ရယူမည့် အစီအစဉ်များကို လည်းကောင်း တင်ပြဆွေးနွေးမှုများအပေါ် ညွှန်ကြားရေးမှူးမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်