Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဝန်ထမ်းမိသားစုများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်


12 Jun,2025

သန်လျင် ဇွန် ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစုများ၏ သားသမီးများအား ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ် သည်။ အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ဌာနမှူး များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ ဦးစွာ ပါမောက္ခချုပ်ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် တက္ကသိုလ်မိသားစုဝင် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ၏ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းများတွင် ပညာသင်ကြား နေသည့် သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ထောက်ပံ့ပေး သည့် ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေးများကို အကျိုးရှိစွာ အသုံးချ စေလိုပါကြောင်း၊ ပညာရေးသည်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သဖြင့် မိမိ ဝန်ထမ်းသားသမီးများ၏ ပညာသင်ယူရာတွင် အထောက်အပံ့ဖြစ်စေရန် တက္ကသိုလ်မှ ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ပညာထူးချွန်ထက်မြက်၍ အသိဉာဏ် ကြွယ်ဝသည့် လူငယ်များဖြစ်လာစေရန် “စာဖတ်ပါ။ မေးခွန်းများမေးပါ။ ကြိုးစားပါ။” ဟု မှာကြား လိုပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပါမောက္ခချုပ်က တက္ကသိုလ်၏ ဝန်ထမ်းသားသမီး များဖြစ်သည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ရာ အခြေခံပညာမူလတန်း ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား မဖြိုးရတီမေ (Grade 3) နှင့် မောင်အောင်မင်းသန့် (Grade 4) တို့ကလည်းကောင်း၊ အခြေခံပညာအလယ်တန်း ကျောင်းသား၊ ကျောင်းသူများကိုယ်စား မဖူးရွှေရည်ဇော် (Grade 8) နှင့် မောင်အာကာဖြိုး (Grade 6) တို့ကလည်းကောင်း၊ အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများကိုယ်စား မယွန်းယွန်းဝတီထက် (Grade 10) နှင့် မောင်ဇွန်ရဲထက် (Grade 11) တို့ကလည်းကောင်း လက်ခံရယူခဲ့ကြသည်။ ၎င်းနောက် ပညာသင်ထောက်ပံ့ကြေးရရှိသူများ ကိုယ်စား Grade 8 တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသူ မဖူးရွှေရည်ဇော်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)မှ ဝန်ထမ်းများ၏ သားသမီးများဖြစ်သည့် အခြေခံပညာမူလတန်း ကျောင်းသား၊ ကျောင်းသူ(၄၀)ဦး၊ အခြေခံပညာအလယ်တန်းကျောင်းသား၊ ကျောင်းသူ(၉)ဦးနှင့် အခြေခံပညာ အထက်တန်း ကျောင်းသား၊ ကျောင်းသူ (၉)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၈)ဦးအတွက် ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေးငွေကျပ် ၁၈၇၅၀၀၀ ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်