မြစ်ကြီးနား ဇွန် ၁၇
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရန် မြေပြင်အကြို ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန် ၁၆ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်မိုးဝင်းနှင့် မြစ်ကြီးနားမြို့နယ် ဦးစီးမှူး ဒေါ်ဆုမွန်အောင်နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးသည်။
နောင်းပုံကျေးရွာနှင့် ပိုးစာခြံကျေးရွာကို ဆက်သွယ်ထားသော အရှည် ငါးဖာလုံရှိ ကျေးရွာချင်းဆက်လမ်းဆောင်ရွက်မည့် မြေပြင်အခြေအနေ များကိုကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကျေးရွာပြည်သူများ၏ တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မောင်ခိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်