Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး အပြာရောင်အဆင့် ပြန်လည်နေထိုင်လျက်ရှိသော ဝန်ထမ်းအိပ်ဆောင်များအား ကြည့်ရှုစစ်ဆေး


24 Jun,2025

နေပြည်တော် ဇွန် ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက အပြာရောင်အဆင့်သတ်မှတ်ချက်ဖြင့် ဝန်ထမ်းများ ပြန်လည် နေထိုင်လျက်ရှိသော အိပ်ဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ နေထိုင်လျက်ရှိသည့် သဇင် (၁) အဆောင် (၆) သို့ သွားရောက်ပြီး နေထိုင်ရေးအဆင်ပြေမှုရှိ/ မရှိ၊ ရေ၊ မီး ရရှိမှုတို့ကို စိစစ် မေးမြန်းပြီး လိုအပ်သည်များ မှာကြားကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမဦးစီးဌာန ဝန်ထမ်းများ နေထိုင်လျက်ရှိ သော သဇင် (၄) အဆောင် (၇) နှင့် (၈) သို့လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ နေထိုင်လျက်ရှိသော သဇင် (၄) အဆောင် (၉) သို့ လည်းကောင်း၊ ထိုမှတဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ နေထိုင် လျက်ရှိသော သဇင် (၆) အဆောင် (၅) သို့လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ နှင့်တွေ့ဆုံကာ အဆောင်ပတ်ဝန်းကျင် သန့်ရှင်းရေးကို ပုံမှန်ဆောင်ရွက်သွားကြရန်၊ သတ်မှတ်ထား သော အဆောင်စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ရန် မှာကြားပြီး ဦးစီးဌာနအလိုက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်