မိုးညှင်း ဇွန် ၂၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ယခုမိုးစပါး စိုက်ပျိုးကာလအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်း တင်း(၁၀၀)နှင့်အထက် ရရှိနိုင်ရေးအတွက် သွင်းအားစုဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချပေးရာ၌ မြို့နယ်သမဝါယမ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးလွင်က တောင်သူများနှင့်တွေ့ဆုံကာ မိုးညှင်းမြို့နယ် အတွင်းရှိ အခြေခံသမဝါယမအသင်းများ ပုဂ္ဂလိကအရောင်းဆိုင်များနှင့် ချိတ်ဆက်၍ သမဝါယမ အသင်းဖွဲ့စည်းထားသည့် ကျေးရွာ(၁၂)ရွာမှ တောင်သူများလိုအပ်သည့် ဓာတ်မြေဩဇာ မိုးစပါးမျိုး၊ ပိုးသတ်ဆေးနှင့်ပေါင်းသတ်ဆေးများကို ဓာတ်မြေဩဇာ အရောင်းဆိုင်များတွင် လက်ငင်းငွေပေးချေစရာမလိုပဲ သီးနှံပေါ်ချိန်မှသာ ငွေပေးချေစနစ်ဖြင့် ရောင်းချပေးလျက် ရှိကြောင်း ဆွေးနွေးပြောကြားသည်။
မိုးညှင်းမြို့နယ်တွင် တောင်သူစိုက်ဧကပေါင်း (၂၁၃၀)ဧကနှင့် တောင်သူ(၇၇၄)ဦး အတွက် မြို့နယ်သမဝါယမဦးစီးဌာနမှ တစ်ဖက်တစ်လမ်းဖြင့် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တောင်သူလယ်သမားများလိုအပ်သော သွင်းအားစုဓာတ်မြေဩဇာများကို သီးနှံပေါ်ပေးစနစ်ဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက် ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်