Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြန်မာနိုင်ငံစာရင်းကောင်စီ (၁/၂၀၂၅) အစည်းအဝေးတက်ရောက်ခြင်း


27 Jun,2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မိုရီမှ (၂၇.၆.၂၀၂၅) ရက်နေ့၊ နံနက်(၉း၀၀)နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပတ္တမြားခန်းမတွင် ကျင်းပသော မြန်မာနိုင်ငံစာရင်းကောင်စီ (၁/၂၀၂၅) အစည်းအဝေးအား Online စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊  ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးဆောင်၍ မြန်မာနိုင်ငံစာရင်းကောင်စီအဖွဲ့ဝင်များမှ Face to Face ဖြင့်သော်လည်းကောင်း၊ Online ဖြင့်သော်လည်းကောင်း စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊  ပြည်ထောင်စုစာရင်းစစ်ချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံစာရင်းကောင်စီ(၁/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု(၁၈)ရပ်ကို အတည်ပြုခြင်း၊ ဒုတိယအကြိမ် ပြင်ဆင်သည့် မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေအတည်ပြုပြဋ္ဌာန်းသည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံစာရင်းကောင်စီ၏ အလုပ်အမှုဆောင်အဖွဲ့နှင့် ‌ကော်မတီဝင်များ ပြန်လည်ဖွဲ့စည်းများကို အတည်ပြုခြင်း၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း(MICPA) နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများဆိုင်ရာ နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်း စံများ လိုက်နာကျင့်သုံးရေး အမိန့်ကြော်ငြာစာ(မူကြမ်း) ထုတ်ပြန်နိုင်ရေး ကိစ္စရပ်များ၊ Asian-Oceanian Standard Setters Group (AOSSG) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေးနှင့် IFRS 1 အတွက် Implementation Guideline (Draft) ပြုစုရေးဆွဲမှု အခြေအနေကိစ္စရပ်များ တင်ပြလာမှုအပေါ် အစည်းအဝေး တက်ရောက်သူများမှ ဝိုင်းဝန်ဆွေးနွေး အတည်ပြုခဲ့ကြပါသည်။ သင်ရိုးညွှန်းတမ်းကော်မတီအဖွဲ့တွင် ပါဝင်သော ‌ပါမောက္ခချုပ်မှ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးပြီးနောက် တက္ကသိုလ်မှ ဆရာ/ဆရာမ၊ ဝန်ထမ်းများအား ‌မြန်မာနိုင်ငံစာရင်းကောင်စီမှ ဖွင့်လှစ်သည့် သင်တန်းများတွင် တက်ရောက်ခွင့်ပြုရန် ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် ကောင်စီအဖွဲ့ဝင်များမှ အထွေထွေဆွေးနွေးခဲ့ကြပြီးနောက် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အစည်းအဝေး အောက်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်