ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Estimate ရေးဆွဲနည်းသင်တန်းဆင်းပွဲကျင်းပ
*******************************
ထားဝယ် ဇွန် ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက နိုင်ငံဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက်လာစေရန် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Estimate ရေးဆွဲနည်းသင်တန်းဆင်းပွဲကို (၂၈-၆-၂၀၂၅)ရက်နေ့က အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲခေါင်ကက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ဌာန၏ လုပ်ငန်းတာဝန်များအနက် ဝန်ထမ်းများစွမ်းရည်ပြည့်ဝရေးသည် အခြေခံတစ်ခုဖြစ်ကြောင်း၊ မိမိက ပညာပြည့်ဝမှသာလျှင် ပြည်သူအကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာ၌ အဆင်ပြေလွယ်ကူမည်ဖြစ်ကြောင်း၊ သင်တန်းမှ သင်ယူတတ်မြောက်ပြီးသော အတတ်ပညာအသိပညာများကို လက်ဆင့်ကမ်းဖြန့်ဝေကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသူ သင်တန်းသားများထံသို့ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဇွန်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိ ၅ ရက်ကြာ သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ သင်တန်းသား သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ယူခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်