"သနပ်ပင်မြို့နယ် ကသဲကုန်းကျေးရွာ၌ ကုန်ထုတ်လမ်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းတိုင်းတာ"
သနပ်ပင်၊ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ကျေးလက်မြို့ပြကွာဟမှုကျဉ်းမြောင်းစေရေးအတွက် ကျေးလက်ဒေသများတွင် ကုန်ထုတ်လမ်းများဆောင်ရွက်နိုင်စေရန်ရည် ရွယ်၍ သနပ်ပင်မြို့နယ် ကသဲကုန်းကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း
နှင့် Pipe Culvert (၃)စင်းတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းတိုင်းတာရာတွင် သနပ်ပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကသဲကုန်းကျေးရွာကျေးလက်ကုန်ထုတ်လမ်းဖြစ်မြောက်ရေးအတွက်ကျေးရွာမှတာဝန်ရှိသူများနှင့်အတူလိုအပ်လျက်ရှိသော ကုန်ထုတ်လမ်း ၏လက်ရှိလမ်းအရှည်၊လမ်းအကျယ်၊မြေနေရာရရှိနိုင်မှုအခြေအနေနှင့်လမ်းအူကြောင်းအခြေအနေများကို စနစ်တကျ တိုင်းတာခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်တွင် ကသဲကျွန်း ကျေးရွာ၌ ကုန်ထုတ်လမ်းနှင့် PipeCulvert (၃)စင်းတည်ဆောက်နိုင်ရေးလျာထားတင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ကုန်ထုတ်လမ်းနှင့်PipeCulvert (၃)စင်းဖောက်လုပ်ပေးသွားမည်ဆိုပါက အဆိုပါ ကျေးရွာရှိ အိမ်ခြေ ၆၁၁အိမ်၊လူဦးရေ ၁၀၆၈ ဦးတို့၏ လယ်ယာများမှ ထွက်ရှိလာမည့် လယ်ယာဧက ၃၆၀ဧကတို့၏ လယ်ယာထွက်ကုန်သီးနှံများ ရာသီမရွေး စျေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း ကျေးလက်နေပြည်သူများ လူမှု့စီးပွားဘဝ ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သနပ်ပင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းက ပြောပြ၍သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်