တောင်တွင်းကြီး ၊ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ခုဘဏ္ဍာနှစ်တွင်တောင်တွင်းကြီးမြို့နယ်၊ရှမ်းကိုင်းကျေးရွာအုပ်စု၊ အောင်းပေါက်ကျေးရွာ ၌ (VDP) စီမံကိန်းဖြင့်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်နှင့် တာဝန် ရှိသူများက ကျေးရွာကော်မတီဝင်များနှင့်အတူ အောင်းပေါက် ကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ မြို့နယ်ဦးစီးမှူးက လမ်းရေရှည်တည်တံ့ခိုင်မြဲစေရေးကျေးရွာကော်မ တီဝင်များနှင့်ကျေးရွာသူ၊ကျေးရွာသားများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
အောင်းပေါက်ကျေးရွာ၌ အရှည် ၄၀၀ပေ၊အကျယ်၁၂ပေ၊အမြင့်ခြောက်လက်မထု အတိုင်းအတာရှိကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကိို ၂၀၂၅- ၂၀၂၆ခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ် ၁၅ သန်းနှင့် ကျေးရွာနေပြည်သူလူထုထည့်ဝင်ငွေကျပ် ၅သန်း၊ စုစုပေါင်း ငွေကျပ်၂၀
သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ နည်းပညာပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုတို့ဖြင့်ကျေးရွာနေပြည်သူလူထုကိုယ်တိုင် ယခုနှစ် ဇွန်လ ဒုတိယပတ် မှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ၊ အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက် အောင်းပေါက်ကျေးရွာရှိ အိမ်ခြေ ၁၃၀အိမ်၊လူဦးရေ ၆၄၇ ဦးတို့ရာသီမရွေးသွားလာရလွယ်ကူလာမည်ဖြစ်ပြီးလူမှုရေး၊ကျန်းမာရေးနှင့်အသက် မွေးဝမ်းကျောင်းလုပ်ငန်းများတွင်လည်း ယခင်ကထက်ပို၍ထိရောက်စွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန်ကပြောပြ၍သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်