မိုင်းဆတ် ဇူလိုင် ၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဝိန်းလိတ်ကျေးရွာသွားလမ်းပေါ်တွင် ကွန်ကရစ်တံတားတည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာခြင်းကို ယမန်နေ့ကပြုလုပ်ရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)၊ တံတားတည်ဆောက်ရေးအဖွဲ့ဒုတိယညွှန်ကြားရေး မှူး(မြို့ပြ) ဦးဝင်းမောင်ဆွေ၊ ခရိုင်ဦးစီးမှူး ဦးအေးလွင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။ ဝိန်းလိတ်ကျေးရွာသွား လမ်းပေါ်တွင် အဆိုပါတံတားကို အရှည်ပေ ၁၈၀ နှင့် အကျယ်ပေ ၂၀ ခန့် ကွန်ကရစ်တံတား တည်ဆောက်မည်ဖြစ်သည်။
မိုင်းဆတ်မြို့နယ်အတွင်း အဆိုပါကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်နယ်ရန်ပုံငွေကျပ် ၁၅၀ ဒသမ ၁၉၅ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ထိုတံတားကြောင့် ကျေးရွာ ၁၇ ရွာမှ အိမ်ခြေ ၅၀၀ ကျော်နှင့် လူဦးရေ ၂၆၀၅ ဦးတို့ကို အကျိုးပြုနိုင်တော့မည်ဖြစ်သည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်