ကော့မှူးမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
******************************
ကော့မှူး ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်သစ်တောဦးစီးဌာနနှင့်ပူးပေါင်း၍ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုး သမီးများနေ့အထိမ်းအမှတ်အဖြစ် သမင်ခြံကျေးရွာ၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား (၂၈-၆-၂၀၂၅)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်နှင့်တာဝန်ရှိသူများ၊ ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများ စုစုပေါင်း အင်အား (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသော ဌာနဆိုရင်ရာမျာနှင့် ပြည်သူများထံသို့ စိုက်ပျိုးမည့် မန်ဂျန်ရှားပျိုးပင်များအား လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်သူများနှင့်အတူ မန်ဂျန်ရှားပျိုးပင် စုစုပေါင်း ၅၀၀ ပင်အား စနစ်တကျ စိုက်ပျိုးခဲ့ကြောင်း ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်