စစ်တွေ ဇွန် ၂၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်ရုံးချုပ်မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးထွန်းဝေသည် ယမန်နေ့က စစ်တွေမြို့နယ် မှန်စီကျေးရွာသွားလမ်းကို ကွန်ကရစ်ခင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်မည့် လမ်းပိုင်းကို သွားရောက်ကွင်းဆင်း စစ်ဆေးကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ရခိုင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမြင့်ဟန်နှင့် စစ်တွေခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်သာနို့အေးတို့က မြေပြင်အခြေအနေကို ရှင်းလင်းတင်ပြပြီး အင်ဂျင်နီယာချုပ်(မြို့ပြ)၊ ဦးထွန်းဝေက လိုအပ်သည်များ မှာကြားသည်။
စစ်တွေမြို့နယ် မှန်စီကျေးရွာသွားလမ်းအား ကွန်ကရစ်ခင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်မည့် လမ်းပိုင်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်