Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာ၌ ကုန်ထုတ်လမ်း အပိုင်း(၁)ဖောက်လုပ်နေမှု စစ်ဆေး


03 Jul,2025

ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာ၌ ကုန်ထုတ်လမ်း အပိုင်း(၁)ဖောက်လုပ်နေမှု စစ်ဆေး

****************************************************************************
ဘားအံ ဇူလိုင် ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ထုံးအိုင်ကျေးရွာ၌ ကုန်ထုတ်လမ်း အပိုင်း(၁)ဖောက်လုပ်နေမှုအခြေအနေများကို ဇူလိုင် ၂ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)ဦးမင်းဝေဖြိုးနှင့် တာဝန်ရှိသူ များကကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ထုံးအိုင်ကျေးရွာ၌ ကုန်ထုတ်လမ်းအပိုင်း(၁)ဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးကလမ်းလုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီစွာဖြင့်အချိန်မီပြီးစီး အောင် အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ထုံးအိုင်ကျေးရွာ၌ အဆိုပါကုန်ထုတ်လမ်းအား အရှည် တစ်မိုင်တစ်ဖာလုံ၊ အကျယ်၁၂ပေ၊ အမြင့်သုံးပေကိုးလက်မရှိ ဂဝံမြေခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၇၈ ဒသမ ၅၁သန်းဖြင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကော်မတီ စုဖွဲ့၍ ယခုနှစ် ဇွန်လ ၁၀ရက်ကစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ၇၀ရာခိုင်နှုန်း  ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


ဆက်လူ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်