ကျိုင်းတုံ ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်(မူလ)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုင်းနှုန်းကျေးရွာအုပ်စု ယန်းကျန်ကျေးရွာအဝင် သံကူကွန်ကရစ်တံတား ဆောင်ရွက်နိုင်ရေး မြေပြင်အခြေအနေများကို ဇူလိုင်၂ ရက်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျလင်း၊ ကျိုင်းတုံ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးသိန်းလင်းနှင့် မြို့နယ်တာဝန်ခံတို့မှ ယန်းကျန်ရွာအဝင် သံကူကွန်ကရစ်တံတား အရှည်ပေ ၅၀ ၊ အနံ ပေ ၂၀ လုပ်ငန်း ဆောင်ရွက်ရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်သွားနိုင်ရေး ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ကြ သည်။
ကိုစိုင်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်