Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းတုံမြို့နယ် ပိန်းပုံ - ဝမ်ပုံလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းတိုင်းတာ


03 Jul,2025

မိုင်းတုံ ဇူလိုင် ၂

            ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပိန်းမုံ-ဝမ်ပုံလမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းကို ဇူလိုင် ၁ ရက်က တာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာသည်။

            ထိုသို့ ကွင်းဆင်းတိုင်းတာရာတွင် မိုင်းဆတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအေးလွင်၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ- ၁ (မြို့ပြ) ဦးပြည့်ဖြိုးဟန်နှင့် အငယ်တန်းအင်ဂျင်နီယာ-၂(မြို့ပြ)ဦးရဲကို တို့နှင့်အတူ ပိန်းမုံ - ဝမ်ပုံလမ်း အရှည် ၄ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ဒု ကိုးလက်မရှိ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

            အဆိုပါ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၂၁ ဒသမ ၅ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

ဇင်မာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်