သန်လျင်၊ ဇူလိုင် ၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၏ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲ နှင့် (၂၇) ကြိမ်မြောက် ဝါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ သန်လျင်မြို့၊ ဝိသုဒ္ဓါရာမဗုဒ္ဓတက္ကသိုလ် အဓိပဓိဆရာတော်၊ သိမ်ကျောင်းပရိယတ္တိ စာသင်တိုက် ဆရာတော်၊ အောင်တံခွန်ကျောင်းတိုက် ဆရာတော်၊ နိရိန္ဒရာမိကကျောင်းတိုက် ဆရာတော်နှင့် ညောင်သုံးပင် ကျောင်းတိုက် မှ ဆရာတော်များကြွရောက် ချီးမြှင့်တော်မူကြပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြည်ညိုကြပါသည်။
ဆက်လက်၍ ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲ နှင့် ဝါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ သန်လျင်မြို့၊ ဝိသုဒ္ဓါရာမဗုဒ္ဓတက္ကသိုလ်၊ အဓိပဓိဆရာတော် ဘဒ္ဒန္တကုမာရ ထံမှ ပါမောက္ခချုပ် အမှူးပြုသော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက ငါးပါးသီလ ခံယူဆောက်တည်၍ ဝါဆိုသင်္ဃန်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေး နှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းကြပြီး ပရိတ်တရားတော်များနှင့် အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပါသည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မိသားစုများ ၏ (၂၇)ကြိမ်မြောက် ဝါဆိုသင်္ဃန်း လှူဒါန်းပွဲ အခမ်းအနားတွင် ပစ္စည်းနှင့် လှူဒါန်းငွေ စုစုပေါင်းတန်ဖိုး (၂၄၅ဝဝဝဝိ/-) ကျပ် ပါဝင် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်