Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းတုံမြို့နယ်၌ Box Culvert တစ်စင်း တည်ဆောက်ပေးမည်


07 Jul,2025

မိုင်းတုံ ဇူလိုင် ၄

             ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပိန်းမုံ - ဝမ်ပုံ လမ်းပေါ်တွင် Box Culvert တစ်စင်း တည်ဆောက်နိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းကို ဇူလိုင် ၃ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းဆတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအေးလွင်၊ မိုင်းတုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၁(မြို့ပြ) ဦးပြည့်ဖြိုးဟန်၊ အငယ်တန်းအင်ဂျင်နီယာ-၂(မြို့ပြ) ဦးရဲကိုတို့နှင့်အတူ ပိန်းမုံ - ဝမ်ပုံ လမ်းပေါ်တွင် အရှည် ၂၄ ပေ၊ အကျယ် ငါးပေရှိ Box Culvert တစ်စင်း တည်ဆောက်နိုင်ရေး မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

            ပိန်းမုံ – ဝမ်ပုံ လမ်းပေါ်တွင် Box Culvert တစ်စင်းတည်ဆောက်ခြင်းကို ပြည်ထောင်စု (ပြင်ဆင်ထိန်းသိမ်းရေး) ရန်ပုံငွေကျပ် ၁၃ ဒသမ ၀၅ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဇင်မာ

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်