မိုင်းဖြတ် ဇူလိုင် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၌ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုး ပွဲကို ယမန်နေ့နံနက်ပိုင်းက ဟောင်ဟင်-နမ့်ကုန်း- အင်ပါကူလမ်းနှင့် အိုက်လုံ-အိုက်လို့လမ်းဘေးတို့တွင် စိုက်ပျိုးသည်။
ထိုသို့ စိုက်ပျိုးရာတွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၁(မြို့ပြ) ဒေါ်စိမ်းစိုစိုဝေနှင့် ကျေးရွာနေပြည်သူများက ကျေးရွာများသို့ ဆက်သွယ်သွားလာသည့် လမ်းဘေးဝဲ/ ယာများတွင် မဲဇလီ၊ မန်ဂျန်ရှား စုစုပေါင်းပျိုးပင် ၁၀ဝ ကို စုပေါင်း စိုက်ပျိုးကြသည်။
သန်းထွန်းအေး(မိုင်းဖြတ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်