Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုး


03 Jul,2025

မော်လမြိုင် ဇူလိုင်  ၃

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၅)ရက်၊ စနေနေ့တွင် ကျရောက်မည့်(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)ရှိ သင်တန်း ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် သင်တန်းကျောင်းပရဝုဏ်အတွင်း စိမ်းလန်းစိုပြေစေ ရေးအတွက် ခရေ၊ မန်ဂျန်ရှား၊ အနမ်းပန်း၊ ကံ့ကော်၊ မဉ္ဇူသက အပင်အမျိုးအစားများကို စုပေါင်းစိုက်ပျိုးကြရာ သစ်ပင်စိုက်ပျိုးပွဲသို့ မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းများ၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာများ၊ ကျောင်းသား/သူများ စုပေါင်းစိုက်ပျိုးကြ ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်