ပုဗ္ဗသီရိမြို့နယ် ရေပြာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး
************************************************************************
နေပြည်တော် ဇူလိုင် ၄
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်၊တစ်နိုင် တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သပြေကုန်းကျေးရွာအုပ်စု၊ရေပြာကျေးရွာ၌ သတ္တမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ဇူလိုင် ၃ရက် နံနက်ပိုင်းကအဆိုပါကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ရှေးဦးစွာ ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးက အမှာစကားပြောကြားပြီး ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုကမြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊အကျိုးကျေးဇူးများ၊ စီမံကိန်း လက်စွဲစာစောင်ပါ စည်းမျဉ်း စည်းကမ်းများကိုရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၅၁ ဒသမ ၆သန်း လွှဲပြောင်းပေးအပ်သည်၊၊ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက ရေပြာကျေးရွာရှိစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၂ဦးကို ငွေကျပ် ၅ ဒသမ ၈၅သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၈ဦး ကို ငွေကျပ် ၁၁ ဒသမ ၅သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ၁၄၀ဦးကို ငွေကျပ် ၃၄ ဒသမ ၂၅သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၂၁၀ဦးကိုမြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၅၁ ဒသမ၆သန်းအား တစ်ဦးချင်းလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်၊၊
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်