ထားဝယ်မြို့နယ် အလယ်ကုန်းကျေးရွာ၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းဖွင့်ပွဲကျင်းပ
********************************
ထားဝယ် ဇူလိုင် ၈
တနင်္သါရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အလယ်ကုန်းကျေးရွာ၌ဖွင့်လှစ်မည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့က အဆိုပါ ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ထားဝယ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးမျိုးမြင့်အောင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သာသာရည်က လူသုံးကုန် ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာက သင်တန်းတွင် သင်ကြားပို့ချမည့်ဘာသာရပ်များနှင့် သင်တန်းသူ/သားများ လိုက်နာရန်စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ဇူလိုင်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ ၅ ရက်ကြာ လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်းများကို စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး အလယ်ကုန်း ကျေးရွာနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ သင်တန်းသူ/သား ၂၀ ဦး တင်ရောက်သင်ယူ လျက်ရှိကြောင်း ထားဝယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်