မိုးညို ဇူလိုင် ၇
(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၅ ရက်က ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ မြို့နယ်သမဝါယမ အသင်းစုရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးသန်းထိုက်နှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုလီမိတက် ဥက္ကဋ္ဌဦးတင်မြင့်နှင့် အမှုဆောင်များက ကျွန်း(၅၀)ပင်၊ မန်ဂျန်ရှား(၅၀)ပင်၊ စုစုပေါင်းအပင်(၁၀၀)အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်