ညောင်ဦး ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသော လမ်းလုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ညောင်ဦးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၁၁၉ ဒသမ ၆၄၈ သန်းဖြင့် တောင်ပုံဝ-လက်ဝဲလမ်း လမ်းအရှည်နှစ်ဖာလုံ၊အကျယ် ၁၂ ပေ၊ ဒု ၁၅ လက်မ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကိုလည်းကောင်း၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၁၇၉ ဒသမ ၄၇၃ သန်းဖြင့် ဆောင်ရွက်နေသည့် တောင်ရှေ့ရွာအဝင်လမ်း လမ်းအရှည် ၃ ဖာလုံ၊ အကျယ်၁၂ပေ၊ ဒု ၁၅ လက်မ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးသည်။
ဒီပါလင်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်