ညောင်ဦး ဇူလိုင် ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသော လမ်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးကျော်ဇေယျာဝင်း၊ ညောင်ဦးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၂၄ ဒသမ ၇၆၃ သန်းဖြင့် ကျောက်ပန်းတောင်း- ချောက်ကားလမ်းမှ တံခါးမ- ရွာပုကျေးရွာ အဝင်လမ်း လမ်းအရှည် ၅ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မ ကျောက် ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးပြီး ညွှန်ကြားရေးမှူး(မြို့ပြ)ဦးကျော်ဇေယျာဝင်းက လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း ဆောလျင်စွာပြီးစီးအောင် ဆောင်ရွက်သွားရန်မှာကြားသည်။
ဒီပါလင်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်