Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မုဒုံမြို့နယ် ကော့ပရံ-တံခွန်တိုင်လမ်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး


07 Jul,2025

မုဒုံ ဇူလိုင် ၅

              မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ကျေးရွာချင်းဆက်လမ်းများကို ပြည်နယ်တာဝန်ရှိသူများက ဇူလိုင် ၂ ရက်တွင် ကွင်းဆင်း စစ်ဆေးသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် မုဒုံမြို့နယ် ကော့ပရံ- တံခွန်တိုင် ကျေးရွာချင်းဆက်လမ်း ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

            မုဒုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးလက်နေပြည်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကတ္တရာလမ်း တစ်လမ်း၊ ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကတ္တရာလမ်းတစ်လမ်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း နှစ်လမ်းနှင့် ကွန်ကရစ်တံတား တစ်စင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရာမည(ပြန်/ဆက်)

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်