Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြင်ဦးလွင်မြို့နယ်၌ ကျေးလက်လမ်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး


08 Jul,2025

ပြင်ဦးလွင် ဇူလိုင် ၇

         မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် နာရသိန်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ထုံးဘို-နောင်လှိုင်-သပြေရေ ကျေးရွာချင်းဆက်လမ်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ယနေ့နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ပြင်ဦးလွင်မြို့နယ် တာဝန်ခံနှင့် ကုမ္ပဏီမှတာဝန်ရှိသူ များနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

             အဆိုပါလမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းအားဖြင့် အကျိုးပြုကျေးရွာ သုံးရွာ၊ အိမ်ခြေ ၈၂၂ အိမ်၊ လူဦးရေ ၃၅၃၅ ဦး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် ကျေးလက်ထုတ်ကုန်များ အပြန်အလှန် ရောင်းဝယ်ဖောက်ကားရေးတို့ကို များစွာအကျိုးပြုမည် ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်