နမ့်စန် (တ) ဇူလိုင် ၇
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် GEC ပညာရေးငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်၉နာရီခွဲ က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း(နမ့်စန်)သရဖီခန်းမတွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် သဘာပတိ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းက အဖွင့် မိန့်ခွန်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်းက အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသား များ၏ အတည်ပြုချက်ရယူခဲ့ကြသည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က လူရည်ချွန် ဆုရရှိခဲ့သော အသင်းသား ဦးမိုးနိုင်၏ သမီး မဖြူစင်ကြယ် (Grade-11) ကို ပညာရည်ချွန် ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၅သောင်းအားဂုဏ်ပြုပေးအပ်ခဲ့သည်။
ထို့နောက် GEC ပညာရေးငွေစုငွေချေးသမဝါယမအသင်းမှ တာဝန်ရှိသူများက တက်ရောက် လာသော အသင်းသားများကို စုစုပေါင်း ငွေကျပ် သိန်း ၃၀ကျော် တန်ဖိုးရှိ ဗလာမပါ ငွေသား ကံစမ်းမဲများကို မဲဖောက်၍ ပေးအပ်ခဲ့ပြီး အသင်းသား ၅၄၃ ဦး ၏ စုဆောင်းငွေပေါ်အတိုး ကျပ်သိန်း ၁၄၀နှင့် အစုပေါ်အမြတ်ငွေ ၃၁၁၉၅၁၄ ကျပ်တို့ကို စနစ်တကျခွဲဝေထုတ်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်