Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သဲကုန်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပွဲကျင်းပ


08 Jul,2025

သဲကုန်း ဇူလိုင် ၇

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက်အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ဇူလိုင် ၅ ရက်နေ့က မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းတို့ပူးပေါင်း၍ အင်းမမြို့ရှိ ချမ်းမြေ့ငါးမွေးမြူရေး ကုန်ထုတ်သမဝါယမအသင်းလီမိတက် ငါးမွေးမြူရေးကန်ပေါင်များတွင် သစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆောင်ရွက်မှုကို မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်​မောင်စန်းနှင့် ချမ်းမြေ့ငါးမွေးမြူရေး ကုန်ထုတ်သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးသန်းဝင်းတို့ ဦးဆောင်၍ စားပင်သီးပင်များဖြစ်သည့် ငှက်ပျောပင်များကို မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့် ငါးမွေးမြူရေးကန်လုပ်သားများ ပူးပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်