Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့မှူး၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေအကြောင်းဆွေးနွေး


08 Jul,2025

ကော့မှူး ဇူလိုင် ၇

                 ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့ညနေ ၄ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

            ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်(၃၈/၂၀၂၅) ၂၀၂၅ ခုနှစ် မေ ၁၆ ရက်တွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ ဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဦးစီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ကျေးလက်ဒေသနေပြည်သူများ၏ တာဝန်နှင့်ရပိုင်ခွင့်များ၊ ကျေးလက်လမ်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြစ်မှုပြစ်ဒဏ်များနှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးပြောကြားရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

ကျော်သူရ(ကော့မှူး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်