Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းသားများအား မျိုးစေ့ချစက်ထောက်ပံ့ခြင်းနှင့် ငါးသားပေါက်များ ထည့်သွင်းမွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက်


10 Jul,2025

တောင်ကြီး ဇူလိုင် ၁၀

          ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုတို့မှ ပူးပေါင်း၍ စီမံကိန်းစပါးများစိုက်ပျိုးလျက်ရှိသည့် “ပုလဲရတနာ” စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူများ၏ လိုအပ်ချက်ဖြစ်သည့် မျိုးစေ့ချစက် Seeder စက်များကို မြို့နယ်အစီအစဉ်ဖြင့် အသင်းသားများအား ပံ့ပိုးဆောင်ရွက် ပေးခဲ့သည်။ ထို့ပြင်မြို့နယ်သမဝါယမအသင်းစုပိုင် ငါးမွေးမြူရေးကန်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ငါးသားပေါက်ကောင်ရေ (၈၁၀၀)နှင့် အသင်းစုမှ ငါးသားပေါက်ကောင်ရေ (၉၉၀၀)စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၁၈၀၀၀)ကို ထည့်သွင်းမွေးမြူခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်