Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးစပါးစိုက်သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်


08 Jul,2025

ညောင်ရွှေ ဇူလိုင် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်သမဝါယမအသင်းစုမှ မိုးစပါးစိုက်သမဝါယမ အသင်းသားတောင်သူများသို့ သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ်သမဝါယမအသင်းစုခန်းမတွင်ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  သမဝါယမအသင်းအဆင့်ဆင်မှ အမှုဆောင်များနှင့် အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်ထွန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌက သွင်းအားစုများပေးအပ်မှုအခြေအနေ များကို ရှင်းလင်းဆွေးနွေးကာ မိုးစပါးစိုက်သမဝါယမအသင်းများမှ အသင်းသားတောင်သူများ၏ စိုက်ဧက ၄၉၂ ဧကအတွက် ဗေဒါသဘာဝမြေသြဇာနှင့် လိုအပ်သောသွင်းအားစုများ ပေးအပ်ခဲ့ ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်