ညောင်ဦး၊ ဇူလိုင် ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန် ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် တန်ဖိုးမြှင့်စားသောက်ကုန်(Snack အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဇူလိုင်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ (၇)ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား(၁၃)ဦးအား ဌာန၏ ဥပဒေ၊ နည်းဥပဒေ နှင့် လုပ်ငန်း မှတ်ပုံတင်ခြင်းများ၊ ဈေးကွက်ဝင် ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာများ၊ ထုတ်ပိုးမှု ဆိုင်ရာနည်းပညာများနှင့် စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဘာသာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားဖြစ်ပြီး အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်