ပူတာအို ဇူလိုင် ၁၀
ပူတာအိုခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပူတာအိုခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းသန့်အောင်သည် တာဝန်ခံအင်ဂျင်နီယာ ဦးသော်ဇင်ဦးနှင့်အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်းပေါင်း ၈၉ ဒသမ ၅၂၂ သန်းဖြင့် ဆောင်ရွက်သည့် ပူတာအိုမြို့နယ် ဝါးဆားကျေးရွာနှင့် လုံမူဒမ်း(၂) ကျေးရွာချင်းဆက်သွယ်ထားသော လမ်းပေါ်ရှိ နမ့်ပလန့်ချောင်းကူးကြိုးတံတား အရှည်ပေ ၂၀၀ နှင့် အကျယ် ခြောက်ပေချောင်းကူးကြိုးတံတား တည်ဆောက်ခြင်း လုပ်ငန်းကို မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက်ရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် သန်းပေါင်း ၄၆၀ ဒသမ ၄၃၈ သန်းဖြင့် ပူတာအိုမြို့နယ် နမ်ရှယ်ရှီးဒီကျေးရွာနှင့် နမ်ရှယ်ဇွပ်ကျေးရွာ ဆက်သွယ်လမ်းအရှည်တစ်မိုင် တစ်ဖာလုံကို သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းကို JSJ ကုမ္ပဏီက တည်ဆောက်ရေး လုပ်ငန်း ၁၅ ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။
ဖုန်ကန်(ပူတာအို)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်