Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ် တောင်မန်းကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း စီမံကိန်း (RBF) ဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအားကွင်းဆင်းစစ်ဆေး


11 Jul,2025

မင်းဘူးမြို့နယ် တောင်မန်းကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း စီမံကိန်း (RBF) ဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအားကွင်းဆင်းစစ်ဆေး

မင်းဘူး ဇူလိုင် ၁၁

          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ အငယ်စား၊အသေးစား၊ အလတ်စား စီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီး ရရှိစေရန် ရည်ရွယ်၍  တောင်မန်းကျေးရွာ၌  ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း စီမံကိန်း (RBF) လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို  ဇူလိုင်လ ၁၀  ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာဝင်း  နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်း များက  တောင်မန်းကျေးရွာ ၌ ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း စီမံကိန်း (RBF) ဖြင့် ဆောင်ရွက်ထားသော အစုအဖွဲ့ နွားမွေးမြူရေးလုပ်ငန်း၊ ဆိတ်မွေးမြူရေးလုပ်ငန်း များနှင့် ငွေစာရင်းပုံစံများ ပြည့်စုံမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာဝင်း   က လုပ်ငန်းများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

          တောင်မန်းကျေးရွာ၌  ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း စီမံကိန်း (RBF)ကို  အစုအဖွဲ့ဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆောင်ရွက်သည့်  နွားမွေးမြူသည့် ရောင်နီဦး၊ အလင်းရောင်၊ ခရေ ၊စန်းသော်တာ အဖွဲ့ လေး ဖွဲ့နှင့် ဆိတ်မွေးမြူသည့်  မိဘမေတ္တာ  အဖွဲ့  စုစုပေါင်း အစုအဖွဲ့ ငါးဖွဲ့ မှ  စီမံကိန်းထောက်ပံ့ငွေ ၃၀၀သိန်း၊ပြည်သူထည့်ဝင်ငွေ ၁၀၀သိန်း စုစုပေါင်း သိန်း ၄၀၀အား  တစ်ဖွဲ့လျှင် ကျပ်သိန်း ၈၀ စီ ဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာဝင်း ထံမှ သိရသည်။

     ဇင်မာ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်