Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုက်လတ်မြို့နယ်၌ သာယာဝဲ-အရှေ့ဆင်ကူးမှ ပဆငသို့ ဆက်သွယ်သောလမ်း မြေသားတာပေါင်ချဲ့ခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး


14 Jul,2025

ကျိုက်လတ် ဇူလိုင် ၁၁

      ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်သည့် သာယာဝဲ-အရှေ့ဆင်ကူးမှပဆငသို့ ဆက်သွယ်သောလမ်းမြေသားတာပေါင်ချဲ့ခြင်းနှင့် တစ်ဖက်လျှင် နှစ်ပေစီကျောက်ချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး ကြသည်။

     ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ဖျာပုံခရိုင်)မှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမိုးမြင့်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ကွင်းဆင်းစစ်ဆေး ကြသည်။ အဆိုပါ လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ တည်ဆောက်ခြင်းဖြစ်သည်။

     အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၅၁ ရွာ၊ အိမ်ခြေ ၅၅၄၉ အိမ်၊ လူဦးရေ ၂၂၇၁၇ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်