Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထားဝယ်မြို့နယ် တလိုင်းတောင်-ဇလွန်းကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်း


14 Jul,2025

ထားဝယ် ဇူလိုင် ၁၁

       တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ် ကျေးလက်နေပြည်သူများအတွက် တလိုင်းတောင် -ဇလွန်း ကျေးရွာချင်းဆက်လမ်းကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန် ယမန်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ် တာဝန်ခံတို့က ကြည့်ရှုစစ်ဆေးသည်။

      ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တိုင်းဒေသကြီး  ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အဆိုပါ ကျေးရွာချင်းဆက်လမ်း (၁/၄)မိုင်ကို ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်